ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ထောပတ်သီးများပေါ်နေပြီဖြစ်ရာ ရောင်းအားကောင်းလျက်ရှိပါသည်။ ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ တင်သွင်းလာခြင်းဖြစ်ပါသည်။ အရသာမှာ ဆိမ့်ပြီး အချိုဓာတ်ပေါ့သဖြင့် သကြားနှင့်ပေါက်၍ စားသုံးနိုင်သည့်အပြင် ထောပတ်သီးဖျော်ရည်ပြုလုပ်၍လည်းသုံးဆောင်နိုင်ပါသည်။

ဖြူးမြို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသမှဝင်ရောက်လာသော ခရမ်းချဉ်သီးများမှာ အဆမတန် ဈေးမြင့်တက်လျက်ရှိပါသည်။ ယခင်နှစ်က ခရမ်းချဉ်သီးများမှာ ဈေးနှုန်းအသင့်အတင့်သာရှိခဲ့ပါသည်။

ရှမ်းပြည်နယ်ဒေသထွက်ကုန်ဖြစ်သော ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥလေးများကို တောင်ငူမြို့ရှိ ဈေးကွက်ထဲတွင် အများအပြားတွေ့ရှိလာရပါသည်။ ယာကွန်ဥများကို မြေအောက်မှ တူးယူရရှိပါသည်။ ယာကွန်ဥကို ပြုတ်စရာမလိုဘဲ အခွံခွာ၍ အစိမ်းစားနိုင်ပါသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ရွာရှိ တောင်သူဒေါ်နွယ်နွယ်ဝင်း၏ ပင်ဆိုင်စိုက်ခင်းသို့ (၁၃.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သွားရောက်လေ့လာခဲ့ရာ ပင်ဆိုင်ပင်များကို သီတင်းကျွတ်လတွင် စိုက်ပျိုးပြီး တစ်လကြာလျှင် ပင်ဆိုင်ပင်များကိုနုတ်ယူ ရောင်းချ၍ရပါသည်။ ပင်ဆိုင်ပင်ကို တစ်ပင်နှင့်တစ်ပင် ၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဦးဇင်ကိုကို၏ ပန်းဂေါ်ဖီစိုက်ခင်းသို့ (၁၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။
