ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ စလင်းဒေါင့်ကျေးရွာ၊ အောင်ဟိတ်ကျေးရွာများတွင် စံပယ်ဖြူပန်းကို ဘုရားပန်းအတွက် ရောင်းချရန် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မအူပင်မြို့နယ်တွင် ပန်းစိုက် ဧက ၁၂၈ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

၁၁.၁၁.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ်မှာ ကျပ် ၁၆၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၁၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၈၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၇၅၀၀၀၊ ဖျာပုံချိုသေးရှယ်ကျပ် ၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၃၅၀၀၀ ၊

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန်အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘု
ကျောက်ဆည်ခရိုင်သည် အညာဒေသဖြစ်သောကြောင့် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်ပြီး အပင်များလည်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ ဆေးဖက်အပင်တစ်မျိုးဖြစ်သည့် မဲဇလီပင်များလည်းပေါက်ရောက်လျက်ရှိပါသည်။ အညာဒေသ ကားလမ်းဘေးဝဲယာများတွင် မဲဇလီပင်များကို စနစ်တကျစိုက်ပျိုးထားသည်ကိုလည်းတွေ့နိုင်ပါသည်။ မဲဇလီဖူးသည် တစ်နှစ်ပတ်လုံး ဖူးပွင့်လျက်ရ

၁၁.၁၁.၂၀၂၄ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၃၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၆၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၄၅၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၄၀၀၀/ ၄၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၇၀၀/
