ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၅၈၀၆၄ဧကစိုက်ပျိုးထားရှိရာ ယခုအခါတွင် စိုက်ဧကအားလုံးကို ရိတ်သိမ်းချွေလှေ့ပြီးစီးပြီးဖြစ်ပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုလည်းနည်းပါးသဖြင့် ယခင်နှစ်ထက် စပါးအထွက်နှုန်းပိုလာခဲ့ပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် သခွားမသီးများကို စတင်ရောင်းချနေပြီဖြစ်ပါသည်။ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာ၌ာ သခွားမသီးများပေါ်နေပြီဖြစ်ရာ ာ၎င်းကို ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များက မှာယူရောင်းချကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ယခင်နှစ်ကနွေစပါး ၁၇၈၁၉ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းဧကအတိုင်း စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေကို ဆည်ကြီးများတွင် အလုံအလောက်ရှိသည်ဟုလည်းသိရပါသည်။
မာလကာပင်ကို မြန်မာပြည်တွင် နေရာအနှံအပြားဆိုသလို ပေါပေါများများ တွေ့မြင်ရပါသည်။ အမျိုးအစားပေါ်မူတည်၍ မာလကာသီး၏အတွင်းပိုင်း အသားသည် အဖြူရောင်(အူဖြူသီး) နှင့် အတွင်းပိုင်းအသားသည် ပန်းရင့်ရောင် (သို့) ကြက်သွေးပျော့ရောင် (အူနီသီး) ဟူ၍ (၂)မျိုးရှိပါသည်။ လတ်ဆတ်သောအသီး၏ အသားမှာ ချို၍ကြွပ်ဆပ်ကာ ရနံလည်း မွှေးပါသည်။ အသီးမှည့်သွားသော
ပြည်ဈေးကွက်သို့ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကြက်သွန်နီအသစ်များသာ ဝင်ရောက်မှုရှိပြီး ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်း၊ စစ်တလင်းစတဲ့နယ်များမှ ဝင်ရောက်မှုရှိနေပါသည်။ ဝင်ရောက်မှုအားဖြင့် ၂၈ပိဿာဝင် အိတ် ၅၀၀ခန့် နေ့စဉ်ဝင်ရောက်မှုရှိနေသည့်အတွက် ယခင် ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် အဝင်ပိုနေကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ လက်