ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီသကြားစက်မှာ နိုဝင်ဘာလကုန်ပိုင်းမှစ၍ ကြံများစတင်ဝယ်ယူ၍ လည်ပတ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် ဇေယျဝတီသကြားစက်မှ ကြံတန်ချိန် ၆၀၀၀၀ကြိတ်ရန် လျာထားဆောင်ရွက်ထားပါသည်။ ကြံတစ်တန်လျှင် စက်ရုံအရောက် ၁၂၅၀၀၀ကျပ်ဖြင့်ဝယ်ယူပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ် ၃၀ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး နံနက် (၁၀:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်
မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအု
တောင်ငူမြို့တွင် ဆန်ဟောင်းများဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၇၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့်ဈေးတက်နေပြီး ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဒေသထွက်သီနှံများကို လာရောက်ရောင်းချလျက်ရှိရာ သခွားသီးများမှာလည်း ရောင်းအားကောင်းလျှက်ရှိပါသည်။ သခွားသီးကို ငါးပိရည်၊ ငါးပိချက် တို့စရာအဖြစ်လည်းကောင်း၊ သခွားသီးကိုခြစ်ပြီး ပဲမုန့်၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း စားသုံးကြသကဲ့သို့ တချို့မှာမူ သကြား၊ ထန်းလျက်တို့နှင့်စားရသည်ကို နှစ်သက်