ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှ ပုန်းရည်ကြီးလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ကာ အပိုဝင်ငွေကိုရရှိစေပါသည်။ ပုန်းရည်ကြီးပြုလုပ်ရာတွင် ပဲပိစပ်ဖြင့်ပြုလုပ်၍ ပဲပိစပ်ကိုရေစိမ်ပြီး ပြုတ်ရပါသည်။ ပဲပိစပ်သည် အနူးနှေးသောကြောင့် အချိန် ၇နာရီခန့်ကြာအောင် ပြုတ်ပေးရပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ် ရွာသစ်၊ အနောက်ပိုင်း ရပ်ကွက်အုပ်စု၊ ချောင်းမကြီးအုပ်စုအတွင်းရှိ ကျေးရွာများတွင် နှစ်စဉ် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးကြပြီး ကြက်သွန်နီ မိုးစိုက်(ဥစိုက်)၊ ဆောင်းစိုက်(ပင်စိုက်)အပြင်၊ အစေ့ပက်(မျိုးဥယူ)စိုက်ပျိုး မှုကိုလည်း နှစ်စဉ် စိုက်ဧက(၅၀)ခန့် စိုက်ပျိုးကြောင်း၊ ဧရာဝတီမြစ်ရိ

တောင်ငူမြို့တွင် အာလူးဈေးနှုန်းမှာ ယခင်စက်တင်ဘာလ အစောပိုင်းခန့်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်နှင့် အကြီး ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၅၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဈေးတက်လာပါသည်။

တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းမှာ ယခင်စက်တင်ဘာလ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၃၀၀ကျပ်၊ အကြီး ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀ကျပ်၊ အလတ် ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပြီး အကြီးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

တောင်ငူမြို့သို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ ဖရဲသီးများ လာရောက်ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသထွက်ဖရဲသီးများထက် အရသာပိုမိုကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိပါသည်။
