ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်တွင် ချင်း(၁၀)ကျပ်သားလျှင် ၁၀၀၀ကျပ်ရှိခဲ့ပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် (၁၀၀၀) ကျပ်ရှိနေပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း ချင်းဈေးနှုန်းမှာ (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ရှားပါးချိန်ဖြစ်ပြီး မန်ကျည်းသီးမှည့် အဟောင်းများ ဈေးကွက်တွင် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြေ
ဝါးရုံတော၊ ဝါးငုတ်ဆွေးများမှ မိုးရာသီတွင် သဘာဝပေါက်ရောက်လေ့ရှိသည့် ဝါးယောင်းမှိုများကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ စားသုံးသူများက ကြိုက်နှစ်သက်စွာဝယ်ယူစားသုံးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အာလူး သီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှုအပြင် ဒေသတွင်း ကုန်ကြမ်းအာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြ
