Main menu

ကုန်ထွက်ရှိမှုများ၍ ဈေးအေးနေသော ခရမ်းချဉ်သီး

Powered by Drupal

     ၂၀၂၅ခုနှစ် ဩဂုတ်လနှောင်းပိုင်း နှင့် စက်တင်ဘာလများတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။ရှမ်း(တောင်) ဒေသ ထွက်ဖြစ်သော ခရမ်းချဉ်သီးစိုက်ခင်းများမှာ ဒေသစုံမှ တစ်ပြိုင်တည်းထွက်ရှိနေမှုူအရသော်လည်းကောင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်းမြို့နယ်များ နှင့် မြစ်ဝကျွန်းပေါ်ဒေသတို့မှလည်း ခရမ်း ချဉ်သီးများ ထွက်ရှိနေခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဖောင်းပွမှု အခြေအနေကြောင့် ဈေးကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၈၀၀-၂၀၀၀)ကျပ်ဈေးရှိခဲ့ရာမှယခုကာလတွင်တစ်ပိဿာလျှင် (၇၀၀-၁၅၀၀)ကျပ်သို့ဈေးကျဆင်းလျှက်ရှိပါသည်။၂၀၂၄ခုနှစ်စက်တင်ဘာလတွင် ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၂၀၀-၂၅၀၀)ကျပ်ရှိခဲ့သဖြင့်ကာလတူနှိုင်းယှဉ်ကြည့်ပါကယခုနှစ်တွင် ဈေးကျနေကြောင်း လေ့လာသိရှိရပါသည်။

          ယခုကာလမှစ၍ (၄)လအတွင်း ကုန်ထွက်ရှိမှုများလာနိုင်သော အခြေအနေအရ ၂၀၂၅ခုနှစ်    နှစ်ကုန်ပိုင်းအထိအနိမ့်ဈေးတွင်တည်မြဲနေနိုင်ကြောင်း လေ့လာသုံးသပ်ရရှိပါသည်။

DOCA(ရှမ်း)