Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Jan 2024

     တောင်ငူမြို့တွင် ပြည်တွင်းထွက် ကော်ဖီစစ်ဖြင့်ထုတ်လုပ်ထားသော Ever Win ကော်ဖီမှုန့်မှာ လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။ ၂၂ဂရမ်အလေးချိန်ရှိ တစ်ခါသောက် အထုပ် ၁၀ထုပ်ပါ ပါကင်တစ်ထုပ်လျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချပါသည်။

29 Jan 2024

     တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျေးတောကျေးရွာမှ တောင်သူလယ်မားကြီးများသည် မိုးစပါးရိတ်သိမ်းပြီးစီး၍ နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေကြပြီဖြစ်ပါသည်။ နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေကိုအသုံးပြုရပါသည်။ ခပေါင်းဆည်မှ နွေစပါးစိုက်ပျိုးရန် ရေလွှတ်ပေးနေပါသည်။

29 Jan 2024

     ညောင်ပင်ဈေး၌ နံနက်စောစောအချိန်တွင် ဒေသအနီးတစ်ဝိုက်မှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်အသည်များထံမှ ဝယ်ယူပါက ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ပါသည်။         

29 Jan 2024

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားသို့သွားသော လမ်းမဘေးတွင် လေးပင်ဆီးသီးကဲ့သို့ထွက်ရှိသော ဇီးကြက်တူရွေးဆီးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇီးကြက်တူရွေးဆီးသီးသည် စလေဆီးသီးထက်ပို၍စားကောင်းပြီး အသားများကာ အစေ့မပါသောဆီးသီးဖြစ်ပါသည်။ အစိမ်းလုံးမှ မှည့်သွားသည်အထိ ပျော့မသွားဘဲ အကြွ

29 Jan 2024

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ဝါစိုက်ပျိုးမှုလျာထားချက်အနေဖြင့် ဝါကြီးစိုက်ဧကမှာ (၇၅၀)ဧက၊ ချည်မျှင်ရှည်ဝါစိုက်ဧကမှာ (၆၇၅၀) ဧကစိုက်ပျိုးရန်လျာထားခဲ့ပါသည်။ သို့သော် ပေါက်ခေါင်းမြို့နယ်အနေဖြင့် ဝါကြီး (၁၈၀၄)ဧကနှင့် ချည်မျှင်ရှည်ဝါ (၅၈၃၆) ဧကသာစိုက်ပျိုးနိုင်ခဲ့ပါသည်။ စိုက်ပျိုးသောဝ

Pages