ပြည်တွင်းကုန်သွယ်မှုသတင်းများ
လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ရွှေကြာကန်ကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်လင်းဦး၏ CP အသားစားကြက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာတွင် ခြံမန်နေဂျာ ဦးမျိုးချစ်က ကြက်ပေါက်များကို ထောက်ကြန့်မြို့ရှိ “ထွန်း”မွေးမြူရေးအစာ၊ ဆေးနှင့်ကြက်ပေါက်ဖြန့်ချိရေးလုပ်ငန်းမှဝယ်ယူ၍ မွေးမြူရကြ
စိမ်းစားဥကို ပဲစိမ်းစား(သို့) ပဲစိမ်းစားဥဟူ၍ ခေါ်ပါသည်။ ပဲမြစ်များရရှိသော ပဲစောင်းလျား ပင်ကဲ့သို့ စိမ်းစားဥပင်သည် ဥအတွက် ဥအတွက်စိုက်ပျိုးသော ပဲပင်မျိုးဖြစ်ပြီး စိမ်းစားဥကို အစိမ်း လိုက်ဖြစ်စေ၊ ကြော်ချက်၍ဖြစ်စေ စားလေ့ရှိကြပါသည်။ စိမ်းစားဥပင်ကို ဆောင်းအခါ နုန်းမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။ စိမ်းစားဥကို စားရသော်လည်း အပင်ကို လ
ကြက်သွန်နီမျိုးစိတ် အများအပြားရှိသည့်အထဲမှ ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံးကြက်သွန်နီဖြစ်ပါသည်။ ရိုးရိုးကြက်သွန်များကို ဈေးများတွင် အလွယ်တကူ ဝယ်ယူ၍ရပေမဲ့ မင်းတုန်းကြက်သွန်နီကတော့ တစ်ရာသီပဲပေါ်သောကြောင့် ယခုအချိန်တွင် ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ပင်ခြောက် ဆောင်းကြက်သွန်နီ ဖြစ်သောကြောင့် နှစ်ပေါက်
ပြည်ဈေးကွက်ရှိ စားဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းမှာ အရည်အသွေးပေါ်လိုက်၍ အချောအသန့် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိပြီး အကြီး၊ အသေး အနည်းငယ်ရောသည့် ရှမ်းစများမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းအနေဖြင့် အသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ဈေးရှိပြီး အိတ်ဆွဲဈေး (၇ပိဿာပါ) အနေဖြင့
ပြည်ဈေးကွက်တွင် မိုးစပါးဈေးများမှာ ဈေးများ ဆက်လက်မြင့်တက်နေပါသည်။ ၂၀၂၄ ဇန်နဝါရီလမှစ၍ စပါးတင်း ၁၀၀လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ် ရှိရာမှ ယခု ဇန်နဝါရီ စတုတ္ထပတ်တွင် ကရင်မစပါးမှာ ၄၆ပေါင် တင်း ၁၀၀လျှင် ၂၁၀၀၀၀၀ကျပ် ၊ ဆန်တစ်အိတ် လျှင် ၇၆၀၀၀ကျပ်၊ မှော်ဘီစပါးတင်း(၁၀၀)လျှင် ၂၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်ဖြင့