Main menu

မုံရွာမြို့ သံလမ်းဈေးရှိ နာနတ်သီး၊ ဖရဲသီးနှင့် သခွားမွှေးသီး ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီး၊ ဖရဲသီးနှင့် သခွားမွှေး သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီး၊ ဖရဲသီးနှင့် သခွားမွှေး သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီး ဖျော်ရည်၊ နာနတ်သီးယို၊  ဖရဲသီး ဖျော်ရည်၊ သခွားမွှေးသီး‌ဖျော်ရည်များ ပြုလုပ်စားသောက် ရသည့်အတွက် အာဟာရဓာတ်များစွာ ပါဝင်သည့်အသီးမျိုးဖြစ်ပြီး လူကြိုက်များကြောင်း သိရှိ ရပါသည်။

          စက်တင်ဘာလ စတုတ္ထပတ်တွင် ကမ်းနားလမ်းနှင့် သံလမ်းဈေးတွင် နာနတ်သီး အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးအသေး တစ်လုံး လျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့်  အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့်  သခွားမွှေးသီးဈေးနှုန်းမှာ အသေးတစ်လုံးလျှင်(၃၂၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)