Main menu

ပခုက္ကူမြို့အတွင်းရှိ ကုန်စုံဆိုင်များနှင့်မုန့်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့၊  အမှတ်(၁၅) ရပ်ကွက်အတွင်းနှင့်အမှတ်(၉)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသောရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖေါ်ပြထားခြင်း ရှိ/မရှိနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုရှိ/မရှိ နှင့် ဘေးအန္တရာယ်ရှိသော စားသုံးရန်မသင့်တားမြစ်ထားသည့် ကုန်စည်များ၊ သက်တမ်းလွန် ကုန်စည်များနှင့်သက်ဆိုင်ရာဌာနများမှ သုံးစွဲရန်မသင့်ကြေညာထားသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။    

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံရောင်းချနေသောရောင်းချသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များ ကိုသာရောင်းချရန်ဖြစ်ကြောင်းနှင့်မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို သိရှိလိုက်နာရမည် ဖြစ်ပါကြောင်း အသိပေးပြောကြားကာ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)