Main menu

ဘားအံမြို့နယ်၊ နောင်တလုံးကျေးရွာတွင် သီးနှံတွက်ခြေကိုက်မှုအခြေအနေများ ကွင်းဆင်းလေ့လာ ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး ၊ပြည်တွင်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် ၁၉-၅-၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောင်ထလုံးကျေးရွာသို့ သွားရောက်၍ ဒေသခံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးသည့် သီးနှံများ စိုက်ပျိုးအောင်မြင်မှု၊ တွက်ခြေကိုက်မှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းလေ့လာရာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ စားသုံးမှု ၊ ပိုလျှံမှု ၊ တစ်ဧကကုန်ကျစရိတ်၊ တစ်ပိဿာ ကုန်ကျစရိတ်/ တစ်တင်းကုန်ကျစရိတ်၊ တစ်ဧက အကျိုးအမြတ်နှင့် ထွက်ရှိရာဒေသမှ ကုန်စည်စီးဆင်းတင်ပို့ရာ ဒေသများသို့ သီးနှံ/ကုန်စည်သယ်ယူပို့ဆောင်ခ၊ အလုပ်သမား တင်/ချ စရိတ် နှင့် လေလွင့်ဆုံးရှုံးမှု ထပ်ဆောင်းစရိတ် ဖြစ်ပေါ်မှု အခြေအနေများကို ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ အချက်အလက်ကောက်ယူ မေးမြန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     စားသုံးသူရေးရာဦးစီးဌာနသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” အတွက် သီးနှံများ ဖြစ်ထွန်းအောင်မြင်မှု၊ တွက်ခြေကိုက်မှု၊  ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှုနှင့် အလားအလာ အခြေအနေများကို နှစ်အလိုက်စာရင်းများ ပြုစု၍ သတင်းအချက်အလက် ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)