စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက် အကူပြု “အခမ်းအနားမှူး” သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ (၁၆.၅.၂၀၂၃)ရက်နေ့မှ (၁၇.၅.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်း သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းတွင် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က “အခမ်းအနားမှူး”သင်တန်း ဖွင့်လှစ်ရခြင်းမှာ မိမိတို့ဌာနသည် လူထုနှင့် ထိတွေ့၍ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲများ၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံသည့် ဆွေးနွေ းပွဲများ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် သတင်း ဆောင်းပါးရေးသားခြင်းများ ဆောင်ရွက်နေရခြင်းဖြစ်၍ “အခမ်းအနားမှူး” (MC)(Master of CereMony) တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ဆောင်ရန်/ရှောင်ရန်များ ၊စကားလုံး အသုံးအနှုန်းများ၊ အခမ်းအနား အပြင်အဆင်များ အထောက်အကူဖြစ်စေရန်နှင့် “အခမ်းအနားမှူး” ကောင်းတစ်ယောက် ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့်ဦးစီးအရာရှိ ဒေါ်ချိုချိုမာ တို့က “အခမ်းအနားမှူး”(MC) တစ်ဦးတွင် ရှိရမည့် အဓိက အရည်အချင်းဖြစ်သည့် MC ၏ ရုပ်ပိုင်းဆိုင်ရာ ဝတ်စားဆင်ယင်မှုများ၊ အသံပိုင်းဆိုင်ရာ အသံနေအသံထား လေယူလေသိမ်း စကားအသုံးအနှုန်းနှင့် မိုက်အသုံးပြုပုံများ၊ အခမ်းအနားမှူး တစ်ဦး၏ ကြိုတင်ပြင်ဆင်မှုနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ အခမ်းအနားအစီအစဉ်များနှင့် အခမ်းအနား စတင်ရာတွင် ကြိုတင်ပြောကြားရမည့်စကားလုံးများ၊ ခန်းမအတွင်း/အပြင်အခမ်းအနားဖွင့်ပွဲများတွင် ပြောဆိုရမည့်လုပ်ဆောင်ချက်များစသည်များကို သင်ကြားပို့ချခြင်းနှင့်သင်တန်းသား/သင်တန်းသူ များအား လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
DOCA(မကွေး)