ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၁၈.၅.၂၀၂၃ ရက်နေ့တွင် ကြို့ပင်ကောက်မြို့မဈေးအတွင်းရှိ တိုင်းရင်းဆေးဆိုင်များသို့ လည်းကောင်း၊ ဈေးချိုမြောက်ဖက်ရပ်ကွက်၊ အရှေ့လမ်းမတော်လမ်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ တိုင်းရင်းဆေးအရောင်းဆိုင်များရှိ ရောင်းချသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်တားမြစ်ဆေးများ ရောင်းချခြင်းမရှိကြောင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
DOCA (ပဲခူး)