Main menu

လက်ပံတန်းမြို့နယ်တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားပေါ်မူတည်၍ အဓိကပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ခရိုင်၊ စားသုံး /ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို နှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၃ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူပြည်သူများ ကုန်စည်ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈၊ ပုဒ်မ ၄၁ အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြထားခြင်း ရှိ/မရှိ နှင့် ဥပဒေ အခန်း ၁၀ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ၊ အခန်း ၁၁ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA (ပဲခူး)