Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

    (၁၆.၅.၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၃ : ၀၀ ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ် ၊ ပြန်ကြားရေးနှင့် လူထုအခြေပြု ဗဟိုခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည် ။

     အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအနက် စားသုံးသူအခွင့်အရေး (၈)ချက်အား ဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက မိမိတို့ ဦးစီးဌာနက ဖွင့်လှစ်ထားသည့် ( Consumer Call Center -1535) သို့လည်းကောင်း ၊ ညောင်လေးပင်မြို့  ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံရုံးတွင် ဖွင့်လှစ်ထားသည့်  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information Complaint Center-CICC) သို့ လူကိုယ်တိုင်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်လည်းကောင်း ဆက်သွယ်၍ လာရောက်တိုင်ကြားနိုင်ပါကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)