တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့ရှိ DS သောက်ရေသန့်စက်ရုံသည် ယခင် ကိုဗစ်-၁၉ ကာလမတိုင်ခင်က လုပ်သားဦးရေ ၂၅ ဦးမှ ၃၀ အထိ လုပ်ကိုင်ခဲ့သည့် အောင်မြင်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခု ကိုဗစ်-၁၉ အလွန်ကာလတွင်တွင် လျှပ်စစ်ဓါတ်အား လုံလောက်စွာ မရရှိသောကြောင့် လုပ်သား ၁၀ ဦးနှင့်သာ ထုတ်လုပ်နေရပါသည်။
ဘူးခွံဝယ်ယူရရှိမှုခက်ခဲသောကြောင့် ၂၀ လီတာဘူးများနှင့် တစ်လီတာဘူးများကိုသာ ပုံမှန် ထုတ်လုပ်နိုင်ပြီး ၀.၆ လီတာဘူးများကို အနည်းငယ်သာ ထုတ်လုပ်နိုင်ပါသည်။ ယခင်က ရေသန့်ဘူးခွံများကို မိမိတို့စက်ရုံတွင် ကိုယ်တိုင်ထုတ်လုပ်နိုင်သော်လည်း ယခုအခါ လျှပ်စစ်ဓါတ်အား လုံလောက်စွာ မရရှိသောကြောင့် ဘူးခွံများကို တောင်ငူမြို့နှင် နေပြည်တော်တို့က မှာယူရပါသည်။
ရေသန့်ဘူး ၂၀ လီတာ တစ်ဘူးလျှင် ၇၀၀ ကျပ်၊ တစ်လီတာဘူး ၆ ဘူးပါ ပါကင်တစ်ခုလျှင် ၁၅၀၀ ကျပ်နှင့် တစ်လီတာဘူး ၁၂ ဘူးပါ ပါကင်တစ်ခုလျှင် ၂၅၀၀ ကျပ်ဖြင့် အိမ်အရောက် ပို့ဆောင်ရောင်းချပေးကြောင်း၊ ယခင်က တောင်ငူမြို့နှင့် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့များအထိ ဖြန့်ဖြူးရောင်းချ နိုင်ခဲ့သော်လည်း ယခုအခါ ဒေသတွင်းမြို့များဖြစ်သော အုတ်တွင်းမြို့၊ ကျွဲပွဲမြို့နှင် ညောင်ခြေထောက်မြို့များတွင်သာ ဖြန့်ဖြူးရောင်းချနိုင်ကြောင်း သိရပါသည်။
DOCA(ပဲခူး)