Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၆.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ စိန်သီဟဆန်စက်သို့ ကွင်းဆင်း၍ စပါးများဝယ်ယူရရှိမှု ကြိတ်ခွဲမှု၊ ထုပ်ပိုးမှုများကို စစ်ဆေး၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့် ညီညွှတ်မှု ရှိစေရေး၊ လိုက်နာဆောင်ရွက်ရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် လိုအပ်သည့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အလားတူပင် ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် goodbrother ဆန်စက်သို့လည်းကောင်း၊ ပန်းတနော်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် အမေ့မေတ္တာဆန်စက်သို့လည်းကောင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)