Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား လုပ်ငန်းရှင်များ သိရှိနိုင်စေရန် ရည်ရွယ်၍ (၁၆.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအပေါ် မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး (၈)ချက်နှင့် တာဝန်များအစရှိသည့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကာ ကုန်အညွှန်း အမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)