Main menu

သာပေါင်းမြို့နယ်တွင် ပြည်သူများအား အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ရှမ်းမြောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် (၁၅.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ပြည်သူများရရှိနိုင်သည့် စားသုံးသူအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရေး၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သော အကြောင်းအရာများကို သိရှိစေနိုင်ရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သောနည်းလမ်းများကို သိရှိနားလည်စေရန်အတွက် ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)