Main menu

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၁၇.၅.၂၀၂၃) ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီတွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ဆိုင်ပိုင်ရှင်များမှ သိရှိလိုသည့် မေးမြန်း ဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)