Main menu

ပြည်တွင်းစားသုံးဆီဖူလှုံဖို့ နေကြာသီးနှံ စိုက်ကြစို့

Powered by Drupal

ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန် ဆောင်းသီးနှံနေကြာများ စိုက်ပျိုးကြရန်နှင့် တောင်သူများ သိရှိနိုင်ပါရန် ဗဟုသုတအဖြစ် နေကြာသီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရန် တင်ပြပေးလိုက်ပါသည်။

နေကြာသီးသန့် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေတစ်ဧကလျှင် နေကြာမျိုးစေ့ ၄ ပြည်နှုန်းနှင့် ၂ပေခြား၍ တန်းကြားငယ်တစ်ခုတွင် ၂စေ့ မှ ၃စေ့ ချ၍ စိုက်ပျိုးရပါသည်။ မတ်ပဲခင်းတွင် သီးညှပ်အဖြစ် စိုက်ပျိုးမည်ဆိုပါက ၁၀ ပေ ခြား၍ တွင်းတစ်ခုလျှင် အထက်ပါအတိုင်း ၂စေ့ မှ ၃ စေ့ ချ၍ စိုက်ပျိုးရပါသည်။ မိုးကာလအလွန် ဆောင်းကာလတွင် စိုက်ပျိုးထားသော နေကြာသီးနှံများကို စားသုံးသော ငှက်များကို ခြောက်လှန့်စေရန် ဆူညံသည့် အသံမြည်ပစ္စည်းများ တပ်ဆင်ခြောက်လှန့်ရန် အသိပညာပေးထားပြီး စိုက်ပျိုးမည့် တောင်သူများသည် မိမိမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တစ်ပြည်လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ‌ရေဆင်းနေကြာ-၁ ကို ရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရေးအတွက် စိုက်ပျိုးသင့်ကြောင်း ၊ နေကြာသီးနှံ အစုအဖွဲ့များ ဖွဲ့စည်းကာ ချိတ်ဆက်၍ ရောင်းချနိုင်ပါကြောင်း၊ ရောင်းချရန် ဈေးကွက်အခက်အခဲရှိပါက စားသုံးသူဦးစီးဌာနမှလည်း ကူညီ၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို ကျေးရွာဟောပြောပွဲများမှတဆင့် ပြည်သူများထံသို့ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)