စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်း (ရုံးအုပ်)နှင့်ဦးတင်မောင်ထွန်း(ရုံးအုပ်)တို့သည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၂.၅.၂၀၂၃ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ဝူရမ်ကျေးရွာရှိ လက်လီလက်ကားရောင်းချနေသော ကုန်စုံဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Sunkitလိမ္မော်အချိုရည်၊ ဆင်းဒဝစ်နာနတ်ပေါင်မုန့်၊Nato ဝေဖာတို့အား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချကြရန် ရှင်းလင်းဆွေးနွေးခဲ့၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)