စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ရုံးလုပ်ငန်းများကျွမ်းကျင်မှုရှိကာ ဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်( ၂/၂၀၂၃ )ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၂:၀၀) နာရီအထိလည်းကောင်း၊ ညနေ (၁၄:၀၀) မှ (၁၆:၀၀) အထိ သင်ခန်းစာပို့ချပြီး (၃)ရက်တာ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်ကအဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင်လည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများကျွမ်းကျင် မှုရှိစေပြီး ဌာန၏လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများကို သုံးလတစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်မှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)မှ စီမံရေးရာဌာနခွဲဘာသာရပ်၊ ရုံးလုပ်ငန်း လက်စွဲပါအခန်းများ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဘာသာရပ်၊ စာကြည့်တိုက်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဘာသာရပ်၊ စားသုံးသူအကာအကွယ်ပေးရေး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားများစစ်ဆေးခြင်း၊ ဒေါ်သစ္စာဖူး (ဦးစီးမှူး)မှ ငွေစာရင်းဌာနခွဲဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်း ဘာသာရပ်များ အသီးသီးပို့ချခဲ့ပြီး၊ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် ပို့ချသော သင်ခန်းစာများမှ အားသာချက်အားနည်းချက်၊ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အသိပညာဗဟုသုတများရရှိ၍ ဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၄)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။
DOCA(ကယား)