စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Crestor 10mg Tablet အစစ်/အတုပုံအပြင် တရားမဝင်ဆေးဝါး (၁၇)မျိုးအား စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိနှင့် စပ်လျဥ်း၍ သာစည်မြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်ကို စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် Crestor 10mg Tablet အစစ်/အတုပုံအပြင် တရားမဝင်ဆေးဝါး (၁၇)မျိုးအား ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ မြို့နယ်တာဝန်ခံမှ တရားမဝင်ဆေးဝါးများ ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(မန္တလေး)