Main menu

“မိတ္ထီလာမြို့နယ်၊ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း”

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၃ ခုနှစ် မေလ (၂၃) ရက်နေ့၊  နံနက် (၁၀း၀၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးခန်း၌ အရန်သင့်နှင့် အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကောင်းလျှံ၊ မြဘုရင်၊ ရွှေဇီးကွက်မုန့်တိုက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

      ထိုသို့ တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ မုန့်လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်ဖြန့်ဖြူးသော ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ဆက်စပ်း၍ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ် အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက၊ ရေးသားဖော်ပြခြင်းမရှိပါက ဥပဒေအခန်း (၂၄)ပါ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်‌စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ အရေးယူခံရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)