Main menu

သာယာဝတီခရိုင်၌ ဈေးကွက်အတွင်း ရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်များအား ချိတ်ဆွဲဖော်ပြ

Powered by Drupal

          အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company  မှ ထုတ်လုပ်သော Crestor 10 mg အမျိုးအစား ဆေးဝါးများအား ဈေးကွက်အတွင်းတွင် တရားမဝင်ရောင်းချမှုနှင့် စပ်လျဉ်း၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စိစစ်တင်ပြမှုအပေါ် ဦးဆောင်ကော်မတီဥက္ကဌမှ “ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေးစခန်းများသို့ Crestor 10 mg Tablet အစစ်/အတု ပုံအပြင် တရားမဝင်ဆေး (၁၇) မျိုးပုံများ Color ဖြင့် ရှင်းလင်းပြတ်သားစွာ ရိုက်နှိပ်၍ ဖြန့်ဝေထားရန်နှင့် အများပြည်သူသိရှိနိုင်ရေးကို Vinyl ဖြင့် ချိတ်ဆွဲပြသထားရန် ညွှန်ကြားထားသဖြင့် သာယာဝတီခရိုင်အတွင်း သာယာဝတီမြို့နယ်၌ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ ပူးပေါင်းပါဝင်ပြီး သာယာဝတီမြို့မဈေး၊ သာယာဝတီ ဘူတာရုံ၊ သုံးဆယ်ကားဂိတ် တို့၌ တရားမဝင် ဆေးဝါး (၁၇) မျိုးပုံနှင့် အချက်အလက် Vinyl များအား အများပြည်သူသိရှိနိုင်ရေး ချိတ်ဆွဲ ထားပြီး ဖြစ်ပါကြောင်း သိရှိပါသည်။

DOCA(ပဲခူး)