Main menu

ကြို့ပင်ကောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကြို့ပင်ကောက်မြို့နယ် တာဝန်ခံသည် ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Center ၌ စာပေချစ်သူအဖွဲ့ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          တက်ရောက်လာသော စာပေချစ်သူအဖွဲ့များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ၊ ဦးစီးမှူးမှ စာရေးဆရာ မိချမ်းမွန်၏ သစ်ရွက်ပေါ်က ပျားရည်စက်များ စာအုပ်ပါ အကြောင်းအရာ များအား စာပေချစ်သူများနှင့်အတူ ဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ရီရီ ရှိန်မှလည်း တက်ရောက်လာသူများအား ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ စားသုံးသူအခွင့်အရေး မြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့ ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် စားသုံးသူအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ပစ္စည်း ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူကြရန်နှင့် Online မှ ဝယ်ယူသော ပစ္စည်းများအားလည်း သတင်းအချက်အလက်များ သေချာစုံစမ်းပြီးမှ ဝယ်ယူသုံးစွဲကြပါရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)