Main menu

ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် CRESTOR ဆေးဝါးအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၃ ခုနှစ်၊ မေလ (၂၅) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှဲန်(ဒုတိယကြီးကြပ်ရေးမှူး)သည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မိုင်းယုမြို့အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၃) ဆိုင်တွင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသော CRESTOR ဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးဝါးမှတ်ပုံတင်ထား ခြင်းမရှိသော CRESTOR ဆေးဝါးအား အဆိုပါဆေးဝါးပစ္စည်းအရောင်းဆိုင် (၃) ဆိုင်တွင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

    ဦးစိုင်းဟုန်ရှဲန်(ဒုတိယကြီးကြပ်ရေးမှူး)နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော CRESTOR ဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံ တင်အမှတ်၊ Import Registration No.(IR)များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)