၂၀၂၃ခုနှစ် မေလ ၂၂ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ်၊ ကျွဲခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာနေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာများ၊ Website၊ဖုန်းနံပါတ်များအကြောင်း၊ Consumer Call Centerအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ပေါင်မြို့နယ်၊ ကျွဲခြံကုန်းကျေးရွာနေ ပြည်သူများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)