Main menu

စားသုံးသူရေးရာဦးစီးဌာန(မုဒုံ)နှင့်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(မုဒုံ)တို့ ပူးပေါင်း၍စားသုံးသူကာကွယ်ရေး Talk Show ပြုလုပ်ဟောပြောဆွေးနွေးခြင်း

Powered by Drupal

             ၂၀၂၃ခုနှစ်  မေလ   ၂၂ ရက်နေ့တွင်  မွန်ပြည်နယ်၊  မုဒုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူဗဟိုပြုခန်းမတွင် စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး  Talk Show  ပြုလုပ်ခဲ့သည်။

          အဆိုပါ  Talk Show  တွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းမှ  Talk Show  ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ  ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူ အခွင့်အရေးများ ၊ စားသုံးသူဆုံးရှုံးနစ်နာမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း၊ ဆက်သွယ်ရမည့်လိပ်စာနှင့်ဌာနမှလက်ခံ ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန ၏ Website နှင့် Consumer Call Center အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)