Main menu

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

       ၂၀၂၃ခုနှစ် မေလ ၂၅ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင် ခရိုင်ရုံးမှဝန်ထမ်းများ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့သည်။

       ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ရာ Thursday Talk တွင် ဝန်ထမ်းများ Capacity ပြည့်ဝစေရန်၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲများ၊ သင်တန်းများမှ ရရှိလာသည့် ဗဟုသုတများကို အခြားဝန်ထမ်းများသို့ ပြန်လည်မျှဝေပေးရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

         ထို့နောက် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးနှင့်သုတေသနဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်  က ဒေသဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး စားသုံးသူ ရေးရာဌာနခွဲ၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ ငွေစာရင်းဌာနခွဲ၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက် က ငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)