Main menu

သံဖြူဇရပ်မြို့နယ်၌ တရားမဝင်ဆေးဝါးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ၂၉.၅.၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် အမှတ် (၁) ဈေး၌ ဆေးဆိုင် (၃) ဆိုင်အား တရားမဝင် ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆေးဆိုင်များ၌ သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းမရှိသော ဖြည့်စွက်စာများ ရောင်းချခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါ ဆေးဝါးများ ရောင်းချခြင်း မရှိကြောင်းတွေ့ရှိရပြီး ဆိုင်ရှင်များအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသော ဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဖြည့်စွက်စာများအား ရောင်းချခြင်းမပြုရန်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထား သော ၂/၂၀၁၉ ဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)