Main menu

“ ရွှေမောင်း ” လက်ဖက်စို၊ လက်ဖက်ခြောက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်နှင့် ဝန်ထမ်း (၂) ဦးတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေမောင်း လက်ဖက်စို/လက်ဖက်ခြောက်လုပ်ငန်းရှင် ဒေါ်ခင်နှင်းဝေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ရွှေမောင်း လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းကို ၁၉၃၈ ခုနှစ်၊ ဘိုးဘွားများ လက်ထက်မှ စတင်လုပ်ကိုင်ခဲ့ရာ ယခုအချိန်ထိ နှစ်ပေါင်း (၈၅)နှစ် ရှိပြီဖြစ်ကြောင်း၊ လက်ဖက်များကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ကိုယ်တိုင်သွားရောက်ဝယ် ယူခြင်းများရှိသလို၊ လာရောက်ရောင်းချကြသည်များလည်း ရှိပါကြောင်း၊ ကိုယ်တိုင်သွားရောက် ဝယ်ယူပါက လက်ဖက်အစို (၁)ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး ကားခမှာ အနီးအဝေး ပေါ်မူတည်၍ တစ်ပိဿာ ၁၀၀ ကျပ်မှ ၄၀၀ ကျပ် ပေးရကြောင်း၊ ဆိုင်သို့ လာရောက်သွင်းပါက တစ်ပိဿာလျှင် ကျပ် ၄၂၀၀ -၄၅၀၀ ဖြင့်ဝယ်ယူရပါကြောင်း၊ လက်ဖက်အညွန့်၊ လက်ဖက်အနှပ်နှင့် လက်ဖက်ခြောက် (၃)မျိုး ထုတ်လုပ် ရောင်းချပါကြောင်း၊ လုပ်သားအင်အား (၁၅)ဦး နှင့်  တစ်လလျှင် ၂၆ ရက် လည်ပတ်ပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ လုပ်ခလစာများမှာ တစ်ဦးလျှင် ၁၂၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်အထိ ပေးရကြောင်း၊ လက်ဖက်စို၊လက်ဖက်ခြောက်များကို အညာဒေသ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲမြို့များသို့ တင်ပို့ရပါကြောင်း၊ လက်ဖက်အစို တစ်ပိဿာလျှင် အရည်အသွေးအပေါ် မူတည်၍ ၆၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိပါကြောင်း၊ လက်ဖက်နှပ်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်၊ လဖက်ခြောက် တစ်ပိဿာလျှင်  အမျိုးအစားအလိုက် ၁၅၀၀၀မှ ၅၀၀၀၀ ကျပ်အထိ ရောင်းချရပါကြောင်း၊ ရွှေမောင်းလက်ဖက်စို၊ လက်ဖက်ခြောက် တံဆိပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်လည်း ပြည့်စုံမှုရှိပါကြောင်း  တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)