စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စားသုံးဆီများအား အခြေခံလူတန်းစား ပြည်သူလူထုထံသို့ စနစ်တကျရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးတို့အတွက် မကွေးတိုင်းဒေသကြီး ဈေးကား စိစစ်ကြပ်မတ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ နေ့စဉ်ဈေးကားများဖြင့် ပြည်သူများသို့ ရောင်းချပေးနေမှု အားကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် (၆.၆.၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဝါဂွမ်း ကျေးရွာနှင့် (၀၉:၄၅)အချိန်တွင် ကန်ရွာလေးကျေးရွာရှိ စားသုံးသူပြည်သူများသို့ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ(၁)ပိဿာလျှင် (၄၃၀၀)ကျပ်ဖြင့် ရောင်းချနေမှုအား ကွင်းဆင်း စိစစ်ကြပ်မတ်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကြီးကြပ်ရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများဖြင့် ပြည့်မီစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော စားအုန်းဆီသုံးစွဲနိုင်ရေး၊ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုင်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်ရောင်းချမှုရှိစေရေးနှင့် စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျရှိစေရေးတို့ကို ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)