စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်ဦးဆောင်၍ ဝန်ထမ်းများသည် (၃၀.၅.၂၀၂၃)ရက်နေ့၊ နေ့လယ်(၂)နာရီအချိန်တွင် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဖွင့်လှစ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပို့ချခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ပါသည်။
ထိုသို့ဟောပြောပို့ချဆောင်ရွက်ရာတွင် ဒုတိယညွှန်ကြားရေးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ လုပ်ငန်းရှင်၊ နစ်နာ ဆုံးရှုံးမှု၏ အဓိပ္ပာယ်များအကြောင်း၊ စာသုံးသူအခွင့်အရေး နှင့်တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှု များရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ဌာနမှ ဖြေရှင်းဆောင်ရွက် ပေးခဲ့သော မှတ်သားဖွယ်ရာအမှုများအကြောင်း၊ Online မှ ကုန်စည်/ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲပါက မှတ်သားလိုက်နာရမည့်အချက်များအကြောင်း၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ သမိုင်းကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျင်းပခဲ့သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားများ အကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ စားသုံးသူများမှ ဖတ်ရှုလိုက်နာသင့်သည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ လေ့လာဆက်သွယ်နိုင်သော website စာမျက်နှာနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတို့၏ facebook စာမျက်နှာများအကြောင်း စသည်တို့အား power point ဖြင့် အကျယ်တဝင့် ဟောပြောပို့ချခဲ့ပြီး မေးခွန်းများ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)