စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၁)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၁)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၆၄) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၇၂) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဗြိတိန်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် စွန်တာနီ၊ ဂေါ်ဖီခြောက်မှုန့် ဆန်ဖြူ၊ ပဲစဉ်းငုံအခွံချွတ်ခွဲခြမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲလုံး၊ မတ်ပဲ၊ ပဲလွန်းနှင့် ဆန်ကွဲတို့၏ ဓာတုအရည်အသွေးနှင့် ပိုးသတ်ဆေးကြွင်းပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃၇) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၁၉)ခုနှင့် သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၆) စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု(၁၇၂)ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။
DOCA(ITQM)