စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force) ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တို့မှလိုက် ပါ၍ (၁၀.၆.၂၀၂၃)ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကော်ဖီအသင်း၊ ရွာငံကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ( Task Force) အဖွဲ့မှ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ တောင်သူများ၊ သမအသင်း၊ ကော်ဖီအသင်းများမှ လုပ်ငန်းလိုအပ်ချက်၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အဖွဲ့ဝင်များသည် ဉာဏ်ကြီးရှင်နှင့် ရွှေသိင်္ဂီကော်ဖီလုပ်ငန်းများ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)