Main menu

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် ၈.၆.၂၀၂၃ ရက်နေ့၊ (၁၁:၀၀) နာရီမှ (၁၁:၃၀) နာရီထိ ဝိုင်းမော်မြို့၊ ဝူယန်ကျေးရွာအတွင်းရှိ လက်လီ/လက်ကားအရောင်းဆိုင် လုပ်ငန်းရှင်အား တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန်၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်များကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍လည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ရေးသားဖော်ပြရမည် ဖြစ်ကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)