Main menu

“ရွှေကိန္ဒရီ” အာလူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံဝန်ထမ်း (၃)ဦးတို့သည် (၈.၆.၂၀၂၃)  ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ “ရွှေကိန္ဒရီ” အာလူးကြော်၊ ကောက်ညင်းခွက်ကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    “ရွှေကိန္ဒရီ” အာလူးကြော်နှင့်ကောက်ညင်းခွက်ကြော်လုပ်ငန်းကို ၂၀၁၀ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ကြောင်း၊ လုပ်ငန်းစတင်လုပ်ကိုင်စဉ် လုပ်သား(၁၀)ဦးဖြင့်တစ်ရက်လျှင် အာလူး ကုန်ကြမ်း ပိဿာ(၁၀၀) လုပ်ကိုင်နိုင်ပြီး လက်ရှိအနေအထားအရ အလုပ်သမား(၄)ဦးဖြင့် တစ်ရက်လျှင် အာလူးကုန်ကြမ်း (၃၅)ပိဿာမျှသာ လုပ်ကိုင်နိုင်ကြောင်း၊ အာလူးပိဿာ(၁၀)လျှင် ကုန်ချော အာလူးကြော် (၁.၅ ပိဿာမှ ၂ ပိဿာ)အထိထွက်ရှိပါကြောင်း၊ အာလူးကို အပါးကြော်၊ဇကာကွက်ကြော်နှင့် အထူကြော်ဆိုပြီး အမျိုးအစား(၃)မျိုးခွဲ ထုတ်လုပ်ပါကြောင်း၊   ဈေးနှုန်းအနေဖြင့် အာလူးကြော် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ပါကင်ထုပ်တစ်ထုပ်လျှင်(၂၀၀)ကျပ်မှ (၂၀၀၀)ကျပ်တန်အထိ ထုတ်လုပ်ရောင်းချကြောင်း၊ လက်ရှိတွင် လုပ်ငန်းအပြိုင်များလာ၍ ဈေးကွက်ရောက်ရန် ခက်ခဲကြောင်း၊ မိမိတို့အနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကိုလည်း အလေးထားဆောင်ရွက်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)