Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိညာပေးTalk Show ပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ကန့်ဘလူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၆.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါစားသုံးသူအသိပညာပေး Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ဌာန၏မျှော်မှန်းချက်၊ လက်ရှိစားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူပြည်သူများ သေသေချာချာ သိရှိနား လည်ထားရန်လိုအပ်သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ သိရှိလိုက်နာဆောင်ရွက်ရမည့် စားသုံးသူ၏ တာဝန်များကို ဆွေးနွေးခဲ့သည်။

     ထိုနောက် စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ၊ သတင်းနှင့် လှုပ်ရှားမှုများကို စားသုံးသူပြည်သူများ လေ့လာဖတ်ရှု့နိုင်စေရန် အမြဲမပြတ်လွှင့်တင်ပေးနေသည့် စားသုံးသူရေးရာဦးစီးဌာန၏ www.doca.gov.mm Website ၊ Facebook Page နှင့် Consumer Call Centre(1535) အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် တိုင်ကြားခွင့်ရှိကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)