Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် (၉.၆.၂၀၂၃) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုံရပ်ကွက်ရှိ ဒေါ်လှလှမော် ကုန်စုံဆိုင်နှင့် ဒေါ်မိကောက်ကုန်စုံဆိုင်(၂)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ ကိုက်ညီခြင်း ရှိ/ မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် Monkey အမှတ်တံဆိပ်ပါ အသင့်သောက်လက်ဖက်ရည်နှင့်  NuNaNuNa အမှတ်တံဆိပ်ပါ မာလာမောက်ချိုက် ခေါက်ဆွဲခြောက်တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက် စသည့်အချက်များအား ကုန်အညွှန်းအမှတ်အသားအဖြစ် ထည့်သွင်းဖော်ပြထားရှိခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)