Main menu

ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးဇော်‌ဇော်ထွေး (ဒုတိယဦးစီးမှူး)သည် ၂၀၂၃ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ တရားမဝင်ဓါတ်မြေဩဇာများ ရောင်းချခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် မြို့နယ်တာဝန်ခံသည် ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား တရားမဝင် ဓာတ်မြေဩဇာများ ရောင်းချခြင်းသည် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးစေသည့်အပြင် ဝယ်ယူ သုံးစွဲသူ တောင်သူလယ်သမားများအား ထိခိုက်နစ်နာစေနိုင်ပါသဖြင့် တရားမဝင် ဓာတ်မြေဩဇာများကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

   မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဇွန်လ ၈ ရက်နေ့တွင် ရေတာရှည်မြို့ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်းရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)