(၆.၆.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင် ဆီကုန်သည်အသင်းမှ အရောင်းဈေးကားဖြင့် ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်၍ ရောင်းချ ပေးကြောင်း သိရပါသည်။
ထိုသို့အရောင်းဈေးကားဖြင့် လှည့်လည်ရောင်းချရာတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ နေထိုင်သော ရပ်ကွက်များသို့ အဓိကထား၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာ ၄၆၀၀/- ကျပ်ဖြင့် ရောင်းချပေးကြောင်း ၊ ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ညောင်လေးပင်မြို့အတွင်း လာရောက်ရောင်းချရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှလည်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)