Main menu

ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်အသိပညာပေး (Talk Show) ပြုလုပ်ဟောပြော ဆွေးနွေးခြင်း

Powered by Drupal

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် (၅.၆.၂၀၂၃)ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုခန်းမတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ်တာဝန်ခံ ဦးနေဇင်သက် (ဦးစီးအရာရှိ)က စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကိုသိရှိထားရန် လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများအား သိရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး သတိပြုရမည်ဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှု ရှိလာပါက ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းတို့ကို ပြောကြားပြီးနောက် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဌာန၏ Website ဖြစ်သော www.doca.gov.mm ပါ အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် Consumer Call Center (1535) ကို ခေါ်ဆိုမေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မွန်)