Main menu

ဇလွန်မြို့ စတိုးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ဇွန်လ (၇) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန် တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံ သည် လမ်းအတော်(မ)ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊သတ်တမ်းလွန်မုန့်များရောင်းချခြင်းရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ကြေညာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီမြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်နှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို သိရှိစေရန်အသိပညာပေးဆွေးနွေးခဲ့ကာ၊ မုန့်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)