Main menu

ဇလွန်မြို့ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များ အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တာဝန်ခံ သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် (၇.၆.၂၀၂၃) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီ အချိန်တွင် ဆန်တန်းရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်း ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များဖြစ်သည့် ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့်များအားတားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာ ဝန်များအကြောင်းနှင့်တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)