Main menu

ဘိုကလေးမြို့တွင်ထုတ်ကုန်လုံခြုံစိတ်ချရမှု ဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် Top One  သုံးထောင့်မုန့်လုပ်ငန်းမှထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်ရောက်ပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ  စေရေးအတွက် ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်မှုတွင် Top One  မုန့်လုပ်ငန်းမှ ထုတ်လုပ်သောသုံးထောင့်မုန့်၊ အငန်မုန့်များမှာထုတ်လုပ်မှုအနေဖြင့်တစ်ရက်လျှင် ဘူး (၃၅၀) မှ (၄၀၀)ထိထုတ်လုပ်နိုင်ကြောင်း ၊မုန့်တစ်ဘူးလျှင်(၂၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေး လျက်ရှိပြီး၊လုပ်သားတစ်ဦးလျှင် (၁)သိန်းမှ (၁)ခွဲထိလုပ်အားခပေးရပါသည်။လုပ်သားဦးရေ(၉)ဦးရှိပြီးဈေးကွက်အနေဖြင့် ဒေသတွင်းသာမကဘဲ အခြားနေရာဒေသများသို့လည်း ရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

          မြို့နယ်တာဝန်ခံမှလည်း စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်သတ်မှတ်ထားသော အခန်း(၁၈)ပါကုန်အညွှန်း  အမှတ်အသားဖော်ပြချက်များကို ဈေးကွက်ရောက်ကုန်စည်များတွင် ထည့်သွင်းရန်နှင့်အရည်အသွေးမီ သောစားသောက်ကုန်များကိုထုတ်လုပ်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)