Main menu

အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့၊ နံနက် (၉:၄၅)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့မဈေးအတွင်း‌ရှိ အခြေခံစားသောက်ကုန်ရောင်းချသည့် ကုန်စုံဆိုင် (၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအနေဖြင့် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ကော်ဖီမျိုးစုံ၊ ဘီစကစ်မုန့်မျိုးစုံနှင့် ပြည်တွင်းခေါက်ဆွဲခြောက် များစသည်တို့ကို စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိပြီး အသားတင် အလေးချိန်၊ ထုတ်လုပ်သည့်ရက်၊ ကုန်ဆုံးသည့်ရက်၊ မြန်မာစာအညွှန်းအမှတ်အသားဖော်ပြချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အခြေခံစားသောက်ကုန်များအနေဖြင့် ဈေးနှုန်းအနည်းငယ် မြှင့်တက်လျက်ရှိရာ ယင်းသို့ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ပင်ယင်းကိုယ်စားလှယ်ရုံးခွဲမှ မှာယူရာတွင် ဈေးနှုန်းမြှင့်တက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ကုန်စုံဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် စားသောက်ကုန်များနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော စားသောက်ကုန်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၉)ပါ “စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ”၊ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” အား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)