Main menu

တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “စားသောကုန်ထုတ်လုပ်မှုနည်း ပညာ သင်တန်း”တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၁၃.၆.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးက တက်ရောက်နေသော သင်တန်းသူ/သားများအား ဦးစွာမိတ်ဆက်ပြီး မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနအမည်ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA နှင့်မှားတတ်ကြသဖြင့် ၎င်းဦးစီးဌာနနှစ်ခုအကြောင်းကို ကွဲပြားအောင်ရှင်း လင်းဆွေးနွေးခြင်း၊ မိမိတို့ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ၊ ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/သားများအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

    ဆက်လက်၍  မုံရွာမြို့နယ်တာဝန်ခံက မိမိတို့ဦးစီးဌာနတွင် ကျင့်သုံးနေသော စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ယခုသင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ကြမည့်သူများ ပါဝင်သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)တွင် ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အား လိုက်နာရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားကာ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ/သားများအား လက်ရှိသင်တန်း ဆင်းပြီးသွားလျှင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမည်ဖြစ်၍ လုပ်ငန်းရှင်ဟု မြင်သာအောင် ဆွေးနွေးပြောကြားခဲ့သော်လည်း တစ်ဖက်ကကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ ပြည်သူများ သည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူ အခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ရပ်ကို မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက DOCA တိုင်းနှင့် ပြည်နယ်များရှိ CICC များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီးနောက် သင်တန်းသူ/သားများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)